ရမည်းသင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းအပ်နှံရေးနေ့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေ ၁၉ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးတွင် မိဘပြည်သူများအား ဖြန့်ဝေသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်လက်ကမ်းစာစောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအောင်တင့်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများက နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ခရီးသွားလာနေကြသည့် ပြည်သူများ၊ မြို့နယ်အတွင်းရှိကျောင်းသားမိဘများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်