နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ဖိတ်ခေါ်ဆောင်ရွက်

နောင်ချို မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ဖိတ်ခေါ်၍  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန (ယာယီ)ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အသက်၁၀နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ UID ကတ်များ ထုတ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ပေးရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ကြည်ရှုအားပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကို ကာယကံရှင်များထံသို့ လက်ဝယ်အ‌ရောက် ပေးအပ်ခဲ့ကြကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)