သတင်းများ

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မူးယစ်အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော 
Aug 27,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍ မူးယစ်အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပသည်။
တနင်္သာရီမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်
Aug 27,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့ လမ်းမကြီးဘေးရှိ  ဆိုင်ခန်းများ စည်းကမ်းနှင့်အညီရောင်းချရေး အသိပေးဆွေးနွေး
Aug 27,2025
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား ခေတ်မီအဆင့်မြင့် မြို့တော်များနည်းတူ သန့်ရှင်းသာယာ လှပရေးနှင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေးအတွက်၊ အဓိကလမ်းမကြီးများဘေး၌ ဖွင့်လှစ်ရောင်းချနေကြသည့်၊ ဈေးဆိုင်များနှင့် အိမ်ဆိုင်များစည်းကမ်းနှင့်အညီ ရောင်းချနိုင်စေရေး အသိပေး ဆွေးနွေးခြင်းကို ဩဂုတ်၂၇ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်သည်။
ချမ်းမြသာစည်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 27,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက အမှတ် (၂၈) အခြေခံပညာအထက်တန်း‌ကျောင်း စူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်
Aug 27,2025
လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
သာစည်မြို့နယ် အင်းကုန်းကျေးရွာ၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Aug 27,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အားသစ်မာန်ကုမ္ပဏီမှ တည်ထောင်ထားသည့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပ
Aug 27,2025
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ် ရေးရာ အသိပညာပေးစာပေဟောပြောပွဲကို ယနေ့‌နံနက်၉နာရီခွဲက လွန်ကောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီမြင့်က  အမှာစကားပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
မောက်မယ်မြို့နယ်၌ MCCT အသိပညာပေးနှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အသိပညာပေးနှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။