တောင်ငူခရိုင်အားကစားကွင်း၌ Football for School Program Pilot Project ဘောလုံးသင်တန်းဆင်းပွဲကျင်းပ

တောင်ငူ ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မေ ၄ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ခဲ့သည့် Football for School Program Pilot Project ဘောလုံးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် သင်တန်းသား သင်တန်းသူ (၁၀၀) ဦးက လေ့ကျင့်သင်ကြားခဲ့မှုများကို သရုပ်ပြသပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)