လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်

လှိုင်သာယာ (အရှေ့ပိုင်း) မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်း၌ အမှတ် (၁၅) ရပ်ကွက် မြတ်လေးလမ်းအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်း‌ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်စေရန် စက်ယန္တယားများဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ ရေနှုတ်မြောင်းများအတွင်းတွင် ခြင်နှင့်ယင်များ ပေါက်ဖွားမှုမရှိစေရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်များ၊ ခြုံနွယ်များ၊ မြက်ပင်များ၊ ဗေဒါပင်များအား ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေစီးရေလာဌာနမှ တာဝန်ခံတို့မှကွင်းဆင်းစစ်ဆေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၀င်တို့အား လိုအပ်သည်များကိုမှာကြားလျက်ရှိကြောင်း သိရသည်။

ဝါဝါထွန်း (ပြန်/ဆက်)