ပုသိမ်မြို့ သူနာပြုသိပ္ပံသင်တန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပ

ပုသိမ် မေ ၁၉

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ သူနာပြုသိပ္ပံသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်လှိုင်သီရိထွန်းက ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၆ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်၊ ရာသီဥတုနှင့် မိုးလေဝသအခြေအနေတို့၏ ကွာခြားချက်၊ ရာသီဥတုပြောင်းလဲမှု၏ အဓိပ္ပာယ်၊ ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လာပုံ၊ ရာသီဥတုပြောင်းလဲမှု၏ အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် အကျိုးဆက်များ၊ ထိန်းသိမ်းကာကွယ်ရန်နည်းလမ်းများ၊ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားခဲ့သော  ရာသီဥတုပြောင်းလဲမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာသီဥတုပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားနိုင်သည့် ကျန်းမာရေးဆိုးကျိုးများနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ နှစ်စဉ်အသိပညာပေးဟောပြောပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)