ကျိုက်မရော မေ ၁၉
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်လုံးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ကျိုက်မရော (ပညာအားမာန်) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးညဏ်လင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြီး သင်တန်းနည်းပြ (၁၀) ဦးတို့က စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ မူလတန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ (၂၈၂) တို့တက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ ၁၄ ရက်မှ မေလ ၂၄ ရက်အထိ ၁၀ ရက်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)