ဒိုက်ဦးမြို့၌၊ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနေမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ လာရောက်ကြည့်ရှူအားပေး

 ဒိုက်ဦး မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ၂၀၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် ၂ဝ၂၆ မိုး (စပါး) စိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းက ဗျိုင်းချယ်ကျေးရွာအုပ်စုရှိ တောင်သူများကို ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမြင့်ရည်မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဒိုက်ဦးမြို့နယ်ဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ဗျိုင်းချယ်ကျေးရွာအုပ်စု (၁) အုပ်စု ဧက (၁၃၈၆) ဧကအတွက် တောင်သူ (၁၇၉) ဦးအား ငွေကျပ်သိန်းပေါင်း (၄၁၅၈) အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမြင့်ရည်မှ တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

 စိုးထက်ကျော် (ပြန်/ဆက်)