နာဂဒေသနန်းယွန်းမြို့နယ် နားလုံကျေးရွာတွင် အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် ကောင်းမွန်သောတိုင်းရင်းကြက်မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲကျင်းပ 

လဟယ် မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နားလုံ ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ်နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကောင်းမွန်သောတိုင်းရင်းကြက် မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)အချိန်က အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပါသည်။

‎‎ရှေးဦးစွာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခဲချိန်က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး နာဂဒေသမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသဦးစီးမှူးဒေါက်တာဖိုးကျော်မင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပါသည်။ ထို့နောက် (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခွင့်ပြုရန်ပုံကျပ်(၁၅)သန်းဖြင့် အစိုး၏ရက်(၁၀၀)စီမံချက်တွင် အကောင်ထည်ဖော်ဆောင်ရွက်သည့် ဒေသဝက်အကောင်(၂၀)နှင့် ဒေသကြက်အကောင်(၁၀၀)တို့အား ပြည်သူများထံ ထောက်ပံ့ပေးအပ်ပါသည်။ အဆိုပါသင်တန်းတွင် နားလုံကျေးရွာမှ သင်တန်းသား(၂၀)ဦးတက်ရောက်မှာဖြစ်ကြောင်း သိရသည်။

ရှားဆက်(လဟယ်ပြန်/ဆက်)