သတင်းများ

တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနော်ရထာရပ်ကွက်အတွင်း ရေများဝင်ရောက်
Aug 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေများကြောင့် အနော်ရထာရပ်ကွက်၊ လူနေဝိုင်းခြံများအတွင်း ရေများဝင်ရောက်လာသဖြင့် ယနေ့မွန်းလွဲပိုင်းက အနော်ရထာရပ်ကွက်မှ ပြည်သူများ မြဝတီရပ်ကွက်၊ တည်ကုန်းမင်္ဂလာကန် ဘုန်းတော်ကြီးကျောင်းသို့ ယာယီရွှေ့ပြောင်းလာကြသည်။
ဖျာပုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝိပ္ပံဘာသာရပ်တွင် တစ်နိုင်ငံလုံးအဆင့်(၅)နှင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသော မအိမြတ်သူအား ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို ခဲ့​ကြသည်။
တပ်ကုန်းမြို့နယ်အတွင်း ခရီးသွားဖော်ဆောင်ရေး မဟာလှေခါးပန်းမျိုးကိုင်းများ စိုက်ပျိုးမှု၊ ပွဲစားဆည် ရေယူမြောင်းဖော်ဆောင်မှု၊ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှု
Aug 27,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အုန်းပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအနီး ရှေးဟောင်းသားခိုတောင်တော်မြတ်အား ခရီးသွားဖော်ဆောင်ရေးလုပ်ငန်းအတွက် ကျေးရွာအဝင်လမ်းတစ်လျှောက် မဟာလှေခါးပန်းမျိုးကိုင်းများ စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ချောင်းကမ်းဘေးအနီးရှိ ကျေးရွာများအား ရေဝင်ရောက်မှုများကို ကြည့်ရှုစစ်ဆေး
Aug 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်တို့ ရေများမြင့်တက်လာပြီး ချောင်းကမ်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါချောင်းကမ်းဘေးရှိ ကျေးရွာများသို့ သွားရောက်၍ ရေဝင်ရောက်လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ပြည်သူများအား အချိန်မီရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ငပုတောမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅ ) ပြုလုပ်
Aug 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ပြုလုပ်ခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 27,2025
ကရင်ပြည်နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) ၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ရေကျော်
Aug 27,2025
ဇေယျာသီရိမြို့နယ်၌ ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံ၌ ကားလမ်းမကြီးပေါ် ရေကျော်လျက်ရှိကြောင်းသိရသည်။