ကျေးသီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကျေးသီး မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၁၃၁)ခြေလျင်တပ်ရင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယဗိုလ်မှူးကြီး ဦးနေဝင်ထွန်းနှင့် တပ်ဖွဲ့မိသားစုများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များတို့က အမှတ်(၁၃၁) ခြေလျင်တပ်ရင်း၌ တပ်ဆင်ထားရှိသည့် မီးဘေးလုံခြုံရေးပစ္စည်းများအား လိုက်လံစစ်ဆေးခြင်း၊ ဂက်စ်အိုး မီးငြှိမ်းသတ်ခြင်း၊ ဆီမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်များဖြင့် ရေပက်ဖြန်းခြင်းစသည့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)