သီပေါမြို့နယ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(သီပေါ)မှ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်

သီပေါ မေ ၁၉

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်နိုင်ရေးတို့အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနစိတ်(သီပေါ)ဒုရဲအုပ် ကျော်ဇင်မိုးနှင့် ပူးပေါင်းအဖွဲ့တိုသည် မြို့လယ်မီးပွိုင့်နှင့် အကောင်းကြိုက်ထမင်းဆိုင်လမ်းဆုံ မီးပွိုင့်အနီးတို့တွင် မောင်းနှင်သွားလာလျက်ရှိသော မော်တော်ကား၊ ဆိုင်ကယ်နှင့် သုံးဘီးယာဉ်မောင်းနှင်သူများအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(သီပေါ)မှ ဒုရဲအုပ်ကျော်ဇင်မိုးက ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းရန်၊ ဆိုင်ကယ်အား နှစ်ဦးထက်ပို၍ စီးနင်းခြင်းမပြုရန်၊ ဆိုင်ကယ်နံပါတ်ပြားများ တပ်ဆင်ထားရန်၊ နောက်ကြည့်မှန်များ တပ်ဆင်မောင်းနှင်ကြရန်၊ အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များ ဝယ်ယူအသုံးပြုရန် စသည်ဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေး အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)