သီပေါ မေ ၁၉
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူးသုံးစွဲပုံ၊ သုံးစွဲနည်းများကို ရဲတပ်ဖွဲ့ဝင်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ပြုလုပ် ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်းနှင့် မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်လက်တွေ့ သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)