မြောင်းမြ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်စီမံကိန်းရုံးနှင့် ကွယ်လွယ်ကျေးရွာများသို့ သုတ၊ ရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့သည်။
ထိုသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်၊ စာစောင်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)