ဒဂုံအရှေ့ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဘောလုံးသင်တန်းဖွင့်လှစ်လျက်ရှိသော မြို့နယ်အားကစားကွင်းသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေးက ယနေ့မနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်ကြည့်ရှု့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှူရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူတို့က အားကစားသမားများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျောင်းဝန်းအတွင်း အသစ်တည်ဆောက်ပြီးစီးသည့် ဖူဆယ်ဘောလုံးကွင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စံပြကျောင်းဖြစ်ပေါ်လာစေရန် လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက် (ပြန်/ဆက်)