သတင်းများ

ညောင်ဦးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး
Aug 28,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခြင်းကို ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီက ပညာရေးစုပေါင်းခန်းမ၌ ကျင်းပသည်။
မြဝတီမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးစမ်းသပ်သရုပ်ပြ
Aug 28,2025
ကရင်ပြည်နယ် မြဝတီခရိုင်  မြဝတီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို ယမန်နေ့ နံနက်၁၀နာရီက အမှတ်(၃)ရပ်ကွက်ရှိ ဇေယျသိဒ္ဓိဓမ္မာရုံနှင့် မွန်းလွဲ ၂နာရီက ဓမ္မရန်အောင်ဓမ္မာရုံတို့၌ ပြုလုပ်သည်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Aug 28,2025
မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကို နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုစေမည့်ပညာရပ်များ ဆက်လက်မြှင့်တင်ဖြည့်ဆည်းပေးရန်၊ ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန် နှင့် ပြည့်စုံသည့် ဘွဲ့ကြို၊ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှု စွမ်းရည်များပြသရန်၊ တက္ကသိုလ်၏ ရှေ့နှစ် ၁၀၀ မျှော်မှန်းချက်ချမှတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် ရွှေဒါး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး
Aug 28,2025
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွှာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်များ အသိပညာဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း စာကြည့်တိုက်၌ ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် မဲပေးမှုအသိပညာပေး လက်တွေ့စမ်းသပ်မဲပေး
Aug 28,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ဩဂုတ်၂၇ရက် နံနက်၁၀ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲဓမ္မာရုံတွင်  ပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ငါးထောင့်နှစ်ဦးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုတို့ကို အတည်ပြုပေး
Aug 27,2025
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် မျိုးစပါးစိုက်ခင်းမြေဩဇာကြဲပတ်ခြင်းနှင့် မျိုးစေ့သန့်စင်ရေးစက်ရုံတို့ကို ကြည့်ရှုအားပေး
Aug 27,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးအောင်နိုင်တိုးစိုက်ခင်းတွင် ဓာတ်မြေဩဇာကြဲပတ်ခြင်းအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ် လူငယ်ဖိုရမ်ကိုယ်စားလှယ်အဖွဲ့ ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်
Aug 27,2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ်လူငယ်ဖိုရမ် ကိုယ်စားလှယ်အဖွဲ့ ဩဝါဒခံယူပွဲ အခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊‌ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ် လူငယ်ဖိုရမ်ကိုယ်စားလှယ်အဖွဲ့များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက လူငယ်ဖိုရမ်ဆွေးနွေးပွဲသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့များ ရွေးချယ်စေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများအား  ရှင်းလင်းတင်ပြခဲ့သည်။