မဟာအောင်မြေ မေ ၁၉
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မန္တလေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မန်းမြို့ဈေးအနီး ဖြန့်ဝေသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်အုပ်ကြီးများနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရာက်ကြပြီး ၈၄လမ်း၊ ၃၈-၃၉လမ်းကြား မန်းမြို့ဈေးအနီးရှိ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် ဖြတ်သန်းသွားလာကြသော ပြည်သူများအား ကျောင်းအပ်နှံရေးသီတင်းပတ်အကြို လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း