သတင်းများ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၌ ရက် ၁၀၀ စီမံချက်အနေဖြင့် Foodball for School ၊ Smart School Program ဘောလုံးသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
May 20,2026
ပဲခူးမြို့၌ ရက် ၁၀၀ စီမံချက်အနေဖြင့် Foodball for School ၊ Smart School Program ဘောလုံးသင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ပဲခူးမြို့၌ စားအုန်းဆီဖြန့်ဖြူးခြင်း ကြီးကြပ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မူဆယ်မြို့ရှိ အခြေခံပညာကျောင်းများ ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
May 20,2026
ဇွန်လ (၁) ရက်နေ့တွင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား ပြင်ဆင်ထားရှိမှုနှင့် ကျောင်းများ သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ခရိုင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
May 19,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မေလ ၁၇ ရက်‌နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများအား အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်
May 19,2026
ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်သူ့အတွက် ပထမရက်(၁၀၀)စီမံချက်ဖြင့် အခြေခံမွေးမြူရေးသင်တန်းကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီကကျင်းပရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းမျာနှင့် မွေးမြူရေးလုပ်ကိုင်သူများ တက်ရောက်ကြသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၁၈ ရက် နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး  အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့် 
May 19,2026
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ကော့‌သောင်းမြို့နယ်အတွင်းရှိ အခွန်အများဆုံးထမ်းဆောင်ခဲ့သည့်ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ မဥ္ဇူသကခန်းမ၌ ကျင်းပသည်။
နွားထိုးကြီးမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ်အသိပညာပေး
May 19,2026
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် လုံခြုံအေးချမ်းစွာပညာသင်ကြားနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ မိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူများကို မေ  ၂၅ ရက်မှ   ၃၁  ရက်အတွင်း ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ​နေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။