မြောက်ဥက္ကလာပမြို့နယ်၌ တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ခြင်းကို ဩဂုတ် ၂၆ ရက်နံနက်ပိုင်းက (ဆ)ရပ်ကွက် ခေမာသီလမ်းနှင့် သမာဓိလမ်းထောင့်ရှိ အဆောက်အဦတွင် ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။