ကွန်ဟိန်းမြို့၌ Mobile Library စနစ် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်း ဆောင်ရွက်

ကွန်ဟိန်း မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာ၊ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်ငှားရမ်းပေးရာတွင် သုတ၊ ရသ စာအုပ်များ ဝတ္ထု၊ မဂ္ဂဇင်းစာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)