ပြင်ဦးလွင် မေ ၁၉
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြင်ဦးလွင်ခရိုင်ဘဏ်ခွဲ ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူများ အား ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြင်ဦးလွင်မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့နယ်ချေးငွေအကြံပေးအဖွဲ့အတွင်းရေးမှူး ဒေါ်ထွေးထွေးသိန်း(ခရိုင်စိုက်/ ဘဏ်မန်နေဂျာ)မှချေးငွေနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်ချေးငွေအကြံပေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာ၀န်ရှိသူများက ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူများလက်ဝယ်သို့ပေးအပ်ခဲ့ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စု ၊ ကျေးရွာ (၁၁) ရွာ၊ တောင်သူ (၁၄၃) ဦး နှင့် ချေးငွေ (၁၆၄၁ ) သိန်းတို့အား ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက် )