တောင်သာမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်အသိပေး လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်သာ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေမြဲဖို့ မိဘပြည်သူအားလုံး ပူးပေါင်းပါဝင်ကြပါစို့ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲက လူစည်ကားရာ နေရာများတွင် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို တောင်သာမြို့ နာရီစင်အနီး ပတ်ဝန်းကျင်၊ မြို့နယ်စည်ပင်သာယာဈေး၊ အ.ထ.ကတောင်သာကျောင်းရှေ့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၈၅ ဦးခန့်ဖြင့် ပြည်သူများအား လက်ကမ်းစာစောင် ၅၀၀  ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)