မြစ်သား မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို မေ ၁၉ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community Centre)ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်က မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ဇော်က မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းရှင်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ မြစ်သားမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်မျိုးချစ်၊ မြစ်သားမြို့နယ် ကူမဲမြို့ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးစောအောင်ကိုလတ်နှင့် မြို့နယ်အတွင်းရှိ မွေးမြူရေး လုပ်ငန်းရှင် ၄၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)