ထားဝယ် မေ ၁၉
တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်းရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၏ အသက်မွေးဝမ်းကျောင်းကာလတို အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က သင်တန်းမှ ထူးချွန်သူ (၅)ဦးအားရွေးပြီးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စက်ချုပ်လုပ်ငန်းသည်နေ့စဉ် လူမှုစီးပွားဘဝများထဲက တစ်ခုဖြစ်သည့်ဝတ်ရေးကိုအထောက်အကူဖြစ်စေကြောင်း၊ ခေတ်နှင့်လျှော်ညီသော စက်ချုပ်ပညာရပ် ဒီဇိုင်းများကိုလေ့လာပြီး တန်ဖိုးရှိစွာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်ချုပ်လုပ်ငန်းသည်MSME လုပ်ငန်းများတွင် ပါဝင်သောကြောင့် နိုင်ငံ၏အဓိကစီးပွားရေး မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ MSME လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်သည်နှင့်အမျှ မိမိဒေသအကျိုးတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးအောင်မျိုးက သင်တန်းနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် စက်ချုပ်သင်တန်းသုံးပစ္စည်းများကို ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်ချုပ် နည်းဘာသာရပ်များနှင့် Patten ရေးဆွဲနည်းဘာသာရပ်များကိုသင်တန်းသူ (၁၀) ဦးအား ရက်သတ္တ ၇ ပတ် သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ထူးချွန်သင်တန်းသူငါးဦးအား ကျပ်(၁၈)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုသုံစွဲခွင့်ပြုသွာမည်ဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)