ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေး 

ပြင်ဦးလွင် မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်ဦးလွင်မြို့နယ်ရှိ လူစည်ကားရာနေရာတစ်ခုဖြစ်သော ရပ်ကွက်ကြီး(၂)၊ သုမင်္ဂလာ‌ဈေးကြီးမီးပွိုင့်၌ လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေမြဲစေရန် မိဘများအနေဖြင့်ပူးပေါင်းဆောင်ရွက်ကြစေရန်နှင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ၂၀၂၆ခုနှစ် မေ၂၅ရက်မှ မေ၃၁ရက်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ပြင်ဦးလွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင် စောင်ရေ ၈၀၀ အား ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)