သတင်းများ

သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးဆောင်ရွက်
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇)အနောက်ရပ်ကွက်၊ မြင်တော်သာလမ်းရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်ဦး‌ဆောင်သောအဖွဲ့မှ စေတီတော်ကြီး၏ရင်ပြင်တော်နှင့်အထက်ပစ္စယံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်ဦးညွန့်ဝေ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးညွန့်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးကြည်ဝင်းနှင့်အဖွဲ့ဝင်များမှလိုက်ပါ‌၍ ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့သည်။
ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုများပြုလုပ်
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Aug 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူလေးများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ
Aug 28,2025
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(လယ်တီ)၌ ကျင်းပပြုလုပ်သည်။
ညောင်ရွှေမြို့နယ်၌ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြကွင်းဆင်းဆောင်ရွက်
Aug 28,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထ‌‌ရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ တိလောကျေးရွာ ရွှေဂူဘုရား၌ ပြုလုပ်ခဲ့သည်။
ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ ငှက်ပျောနှင့်ဗေဒါ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဆင်း
Aug 28,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်သည့် ငှက်ပျောနှင့်ဗေဒါ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
Aug 28,2025
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအတွက် ကျေးရွာနေပြည်သူလူထုများအား မိတ်ဆက်ရှင်းလင်း၍ ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၇ ရက်က ကမ်းကြီးကျေးရွာအုပ်စု ပြင်ထပ်အော်ကျေးရွာ၌ ဆောင်ရွက်သည်။
မိုင်းယောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 28,2025
မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းအုပ်စု၊ ဝမ်မန်းကျေးရွာနှင့် ဝမ်တုန်ကျေးရွာတို့၌ ကျင်းပဆောင်ရွက်ခဲ့သည်။