သတင်းများ

ခန္တီးမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဖွင့်လှစ်
Aug 28,2025
စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ခန္တီးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ရာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် လက်ပန်ငူကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM) အသုံးပြုနည်းစနစ် အသိပညာပေးဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်းလက်တွေ့သရုပ်ပြအခမ်းအနား ပြုလုပ်
Aug 28,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်(MEVM) အသုံးပြုနည်းစနစ် အသိပညာပေးဟောပြာခြင်းနှင့် စမ်းသပ်ဆန္ဒမဲ‌ပေးခြင်း လက်တွေ့သရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခမ်းမ၌ ပြုလုပ်သည်။
သထုံမြို့နယ်၊ ဝါးပါးတပ်ဦး ဘုန်းတော်ကြီးသင်မူလတန်း ကျောင်းသား၊ ကျောင်းသူများထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေများ ပေးအပ်
Aug 28,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စုရှိ ဝါးပါးတပ်ဦး ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့ သာမန်အသုံးစရိတ်ရန်ပုံငွေမှ လှူဒါန်းသည့် အလှူငွေများကို ယမန်နေ့ နံနက်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
အောင်လံမြို့နယ်တွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေး
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း (ကုသိနာရုံ)၌ ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ် ငပုတောကျေးရွာ၊ သပြေတောကျေးရွာနှင့် ပန်းတော်ပြင်ကျေးရွာရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ပတ်သက်၍ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ငပုတောကျေးရွာ၊ သပြေတောကျေးရွာနှင့် ပန်းတော်ပြင်ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ကယန်းသာယာဓာတ်အားခွဲရုံ ဓာတ်အားဖြန့်ဖြူးနေမှု၊ လွိုင်ကော်စက်မှုဇုန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Aug 28,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကယန်းသာယာဓာတ်အားခွဲရုံ ရာနှုန်းပြည့်ပြုပြင်ပြီးစီး၍ ဓာတ်အားများ ဖြန့်ဖြူးပေးနေမှုအခြေအနေ၊ လွိုင်ကော်စက်မှုဇုန်အား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စံပြမိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ဆောင်ရွက်ခဲ့သည်။