ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance သင်တန်း (အခမဲ့)ဖွင့်လှစ်

ကျောက်ဆည် မေ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက Myanmar Fiteness Dance သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

Myanmar Fiteness Dance အားကစား ပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပိုင်း၊ ဉာဏပို်ငး၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများဖြစ်စေနိုင်သည့် အခွင့်အလမ်းများလျော့နည်းစေခြင်း၊ ကိုယ်အလေးချိန်ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြတ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ (၁၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မေ(၁၈)ရက်မှ(၂၄)ရက်အထိ (၇)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီအားလပ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် Myanmar Fiteness Dance သင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)