မုံရွာ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ဓရာဝတီမြစ်ရေမှ ရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်ကိုင်းမြို့တွင်းရှိ ရပ်ကွက်များသို့ မြို့စည်ပင်သာယာရေးအဖွဲ့မှ သောက်သုံးရေဖြန့်ဝေပေးနေမှုအခြေအနေများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း-မင်းကွန်းကားလမ်း ဧရာဝတီမြစ်ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(မူလ)ရန်ပုံငွေဖြင့် အလျား - ၁၀၀၀ ပေ၊ ဘိုးပိုင်အခြေပြုသံကူကွန်ကရစ်မြေထိန်းနံရံ တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်တွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းဆောင် အဆောက်အဦများ ကျောင်းဖွင့်အမီ ပြန်လည်ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြ ပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)