သတင်းများ

ဒဂုံတက္ကသိုလ်တွင် "တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်" အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်တွင် "တရားရုံးက ဦးဆောင်သည့် စေ့စပ်‌ဖြေရှင်းရေးစနစ်" အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများလျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၅) သို့ တက်ရောက်
Aug 28,2025
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ လျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင် ၄၀၀၀ ကျော်အား အခမဲ့စစ်ဆေးကုသပေးမည်
Aug 28,2025
သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့်မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် (၂၉.၈.၂၀၂၅) ရက်နေ့မှ (၂.၉.၂၀၂၅) ရက်နေ့ အထိ မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်းဆောင်ရွက်မည်ဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပင်စင်စားဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ စုစုပေါင်းအင်အား ၄၀၀၀ ကျော်ရှိနေပါသဖြင့် သတ်မှတ်သည့်ရက်အလိုက်သာ လာရောက်ပြသနိုင်ရေးနှင့် ပြသမည့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးဆောင်ရွက်လျက်ရှိပြီး ဩဂုတ် ၂၉ ရက် ပထမနေ့တွင် မျက်စိဝေဒနာရှင် ၆၆၂ဦးအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာကောက်ခံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  
Aug 28,2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာကောက်ခံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၆ ရက်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အတ္ထရံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းတက္ကသိုလ်၌ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်ပွဲကျင်းပ
Aug 28,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Aug 28,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပသည်။
တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး
Aug 28,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူမြို့နယ်ဦးစီးအရာရှိ(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှုကို သြဂုတ် ၂၆ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တာချီလိတ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံး(မူကြို)ခန်းမတွင် ကျင်းပခဲ့သည်။