ရန်ကုန် မေ ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ မေလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “ချုံချင့်နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကွန်ဖရင့် ၂၀၂၆” သို့တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)