သတင်းများ

ပခုက္ကူမြို့၌ ရာဇမုနိအောင်တော်မူ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်စိန်ဖူးတော်တင်လှူပွဲ ကျင်းပ
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀၁) ခြေမြန်ဌာနချုပ်နယ်မြေဝန်းအတွင်း၌ ရာဇမုနိအောင်တော်မူဆုတောင်းပြည့်စေတီတော် ရွှေထီးတော်စိန်ဖူးတော်တင်လှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်အထွေထွေရောဂါကု ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီအချိန်က ချောင်းကြီးတိုက်နယ်ဆေးရုံး၌ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။
စေတုတ္တရာမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်၊ ဓနှုံးကုန်းကျေးရွာ၌  မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  ယမန်နေ့နံနက်(၁၁)နာရီက ဓနှုံးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု
Aug 28,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Aug 28,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းပြင်ပပညာရေးတွင် တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
စေတုတ္တရာမြို့ ပိတောက်မြိုင်ရပ်ကွက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ ပိတောက်မြိုင်ရပ်ကွက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ  ၁ နာရီခွဲအချိန် ပိတောက်မြိုင်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။