Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကလောခရိုင်အတွင်းရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား “ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ” တက်ရောက်
Sep 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်အတွင်းရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား “ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ” အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့ညနေ ၃ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Sep 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 21,2025
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပညာနှင့် ဘဝ အောင်မြင်ရေးလမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့် စာရေးဆရာ ညီညီနိုင် ရေးသားသော “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲ ကျင်းပ
Sep 21,2025
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 21,2025
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြင်ဦးလွင်မြို့နယ် သင်္ဂတုံ (မူလွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Sep 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာရေးဆရာ Dr.မောင်အောင် ရေးသားသည့် “စီးပွားရေးလုပ်ငန်းရှင်များအတွက် အားဆေးတစ်ခွက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (ဒုတိအကြိမ်)ငလျင်ဘေးအန္တရာယ် ခံစားခဲ့ရသည့် ဒေသခံပြည်သူများအားငွေများပေးအပ်
Sep 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (ဒုတိအကြိမ်) ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများအားပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
442
Page
443
Page
444
Page
445
Current page
446
Page
447
Page
448
Page
449
Page
450
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department