စေတုတ္တရာမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါကာကွယ်ရေး abate ခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

စေတုတ္တရာ မေ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါများဖြစ်ပွားမှု လျော့နည်းပပျောက်စေရန် ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများ၊ မူကြိုကျောင်းများနှင့် ဘော်ဒါဆောင်များတွင် ယနေ့နံနက်ပိုင်းက abate ခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ကျောင်းမဖွင့်မီကြိုတင်၍ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)