လိပ်သို မေ ၁၉
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသသည်။
အဆိုပါ နံရံကပ်စာစောင်တွင် အသက် (၁၄)နှစ်မပြည့်သေးသောသူကို အလုပ်လုပ်ခွင့်မပြု၊ ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးများအား အကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးစသည့် အသိပညာပေးအကြောင်းအရာများပါရှိပြီး နံရံကပ်စာစောင်ပြသ ဆောင်ရွက်ထားရှိမှုအား ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါ အားလျော်စွာအသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း