တောင်ငူခရိုင် သဘာဝဘေးအတွင်း ပျက်စီးဆုံးရှုံးသွားသော လမ်းတံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 28,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူမြို့နယ်ဦးစီးအရာရှိ(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်သဘာဝဘေးအတွင်း ပျက်စီးဆုံးရှုံးသွားသော လမ်းတံတားများကို သြဂုတ် ၂၆ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။