ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Aug 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။