သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းကို သီရိရွှေသာဈေးအတွင်းဆောင်ရွက်

သာပေါင်း ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့မွန်းတည့် ၁၂ နာရီ အချိန်က သီရိရွှေသာဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

သီရိရွှေသာဈေးအတွင်း၊ အပြင်နေရာတို့တွင် ပိုးလောက်လမ်းပေါက်ပွားနိုင်သည့်နေရာများကိုစစ်ဆေးပြီး၊ဖုံး သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များ အတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှုရှိ/မရှိ လိုက်လံစစ်ဆေးပြီး ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှု မရှိစေရေး သန့်ရှင်းရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ခြင်ဆေးမှုတ်ခြင်းကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ငှက်ဖျားတိုက်ဖျက်‌ရေးဌာန၊ (ဆေးဖြန်း)ဝန်ထမ်းတို့က ဈေးဆိုင်ခန်းများ၊ သန့်စင်ခန်းများနှင့် ဈေးအတွင်းအပြင် ပတ်ဝန်းကျင်နေရာ အနှံ့တို့ကို မာလာသီရွန်ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း