သာပေါင်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီစိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)