ပြည်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ
Jun 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်များကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ် မောင်မယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေလာစေရန် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (ကျပန်းစကားပြောပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ)များ ကျင်းပပြုလုပ်သည်။