ငါးသိုင်းချောင်းမြို့ ဂွေးတောက်ကျေးရွာတွင် မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပ

ငါးသိုင်းချောင်း ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ဇွန်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းက (နယူးဧရာ-၁) မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့်မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကို ဂွေးတောက်ကျေးရွာအုပ်စု တောင်သူဦးစိုးလွင်၏လယ်မြေ (၄.၀၀) ဧကပေါ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါမိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ဦးဆောင်မှုဖြင့် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးကျော် က ၂၀၂၄ -၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ (seeder) စနစ်၊ ပျိုးထောင်စနစ်တို့ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက်နှုန်း ရရှိအောင်ဆောင်ရွက်ရမည့် နည်းစနစ်များကို တောင်သူများအား အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူဦးစိုးလွင်၏ လယ်မြေ (၄.၀၀) ဧကပေါ်တွင် (နယူးဧရာ-၁) မိုးစပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)