မိတ္ထီလာ ဇွန်၂၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ စက်မှုဇုန်နည်းဥပဒေရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က စက်မှုဇုန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါစက်မှုဇုန်ဥပဒေရှင်းလင်းပွဲအခမ်းအနားတွင် ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ထိုနောက် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းကြိုင်က စက်မှုဇုန်နည်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက်ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ စက်မှုဇုန်နည်းဥပဒေရှင်းလင်းပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်နှင့် ကော်မတီဝင်များ ၊ လုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ