ရေနံချောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပ

ရေနံချောင်း ဇွန် ၂၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်း(တွင်းကုန်း) ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က(တွင်းကုန်း)ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းခိုင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က လူငယ်လူရွယ်တို့အနေဖြင့် မူးယစ်ဆေးသုံးစွဲပါက စိတ်ကျရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံစူးစိုက်မှုလျော့ပါးလာခြင်း၊ မိမိကိုယ်ကိုသေကြောင်းကြံခြင်း၊ မိသားစုနှင့် မိမိလုပ်ငန်းအပေါ်စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း စသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သောကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် စူးစမ်းလိုသောကြောင့်လည်းကောင်း၊ အပေါင်းအသင်းကြောင့်လည်းကောင်း၊ လူမှုရေးကိစ္စအဆင်မပြေသောကြောင့်လည်းကောင်း၊ မူးယစ်ဆေးကို စမ်းသပ်သုံးစွဲခြင်းမှ ရှောင်ကျဉ်ကြရန် အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံစာစောင်နှင့် စာအုပ်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)