တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား ဇွန် ၂၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များ နှင့် (Book Club) အဖွဲ့ဝင်းများ ပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာနတ်ရှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာဖက်ဝိုင်းကို ကျင်ပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖက်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က “လူငယ်များ၏ရွှေရောင်မနက်ဖြန်” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးရာတွင်

ယနေ့လူငယ်တို့၏အခန်းကဏ္ဌသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ဘာသာတရား၊ စာပေ၊ ဂီတ၊ အမွေအနှစ်တို့ကို လက်ဆင့်ကမ်း အမွေခံယူကြမှာ ဖြစ်သည့်အတွက် အလွန်အရေးပါလှကြောင်း၊ လူငယ်များသည် အနာဂတ်၏ခေါင်းဆောင်များဖြစ်ကြောင်း၊ တိုးတတ်ကောင်းမွန်သောလူငယ်တို့သည် ကြီးကျယ်မြင့်မြတ်သော အနာဂတ်ကို ဖန်တီးနိုင်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင် ဦးသူရဆွေက “နွေရာသီကျောင်း ပိတ်ရက်ကလေးများ” ခေါင်စဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်နွေးနွေးလှိုင်က ဆက်လက်၍ “ပြောင်းလဲတိုးတတ်သောကိုယ်ရေကိုယ်သွေးများ” ခေါင်းစဉ်ဖြင့်လည်ကောင်း ဆွေးနွေးပြောကြားရာ တတ်ရောက်လာသော စာပေဝါသနာရှင်များကလည်း ဝိုင်းဝန်းဆွေးနွေကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်းသိရသည်။

မိုးဖြူးလွင် (ပြန်/ဆက်)