ဒလ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်များအတွက် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် သရုပ်ပြသခြင်းများကို ယနေ့နံနက်(၉) ခွဲအချိန်တွင် အ.ထ.က(ခွဲ) အ.လ.က(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်မှ အဖွင့်အမှာစကားပြောကြား ပြီး ဒလမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၀)ဦး အား မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ၊ မီးဘေး အန္တရာယ် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အလျှင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းကိရိယာများဖြင့် လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ် ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးမှ ကလေးသူငယ်များအတွက် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သိရသည်။
အေးမြမိုး(ပြန်/ဆက်)