တွံတေးမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄ ခုနှစ် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တွံတေး ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းမြင့်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းရီတို့က အဖွင့်အမှာစကားများပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက စာတတ်ပြီး စာဖတ်သူနှင့် စာတတ်ပြီးစာမဖတ်သူတို့အကြောင်း၊ မြို့နယ်ပညာရေးဌာနမှ ဒုဦးစီးမှူး(ကာယ)ဒေါ်ဖြူဖြူက အားကစားနှင့်ပညာရေး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက လူငယ်နှင့်အားကစား အကြောင်းခေါင်းစဥ်များဖြင့် ဟောပြောပြီး မြို့နယ်ပညာရေးဌာနမှဆရာမများက Physical Fiteness Dance ဖြင့်သရုပ်ပြကာ ကျောင်းအုပ်ဆရာကြီးဦးခင်ဇော်ညွန့်က သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းမြင့်က အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းမြင့်၊ ခရိုင်ပညာရေးမှူးဒေါ်ခင်စန်း၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသက်ဦး၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မျိုးလှိုင်