ပုဗ္ဗသီရိ ဇွန် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ ကို ဇွန်လ (၂၅) ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆန်ဆိုင်များ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် (၂) ဦးသန်းငွေ၊ ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှုးအေးစိုး၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ် ဦးစီးမှူး ဦးမျိုးကို၊ စားသုံးသူရေးရာဌာနမှ ပုဗ္ဗသီရိမြို့နယ် တာဝန်ခံ ဒုတိယဦးစီးမှူး ဦးတင်စိုးနိုင်၊ ပုဗ္ဗရိမြို့နယ်ဈေးစည်ပင်အဖွဲ့မှ ဦးစိုးသီဟပါ (၅) ဦး၊ ကျည်တောင်ကန်အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းပါ (၆) ဦး၊ ကျည်တောင်ကန်အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ပါ (၃) ဦးတို့ပူးပေါင်းအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဈေးနှင့်ရပ်ကွက်များမှ ဆန်ဆိုင်များအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချသွားရန်၊ ဈေးနှုန်းကတ်များထားရှိရန်နှင့် ဆန်စက်များမှ ဆန်ဝယ်ယူခဲ့သည့် ဘောင်ချာများတွင် ရည်ညွှန်းဈေးမှန်ကန်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)