အားကစားအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ဗိုလ်တထောင် ဇွန် ၂၇

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၊ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယ​နေ့ မွန်းတည့် ၁၂ နာရီ အချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း အောင်​ကျော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး လူငယ်နှင့်အသိပညာပေး ခေါင်းစဥ်ဖြင့် အမှတ်(၆) အခြေခံအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေလှိုင်ကလည်းကောင်း၊ လူငယ်နှင့်ဗလငါးတန် သိမှတ်ဖွယ်ရာ ခေါင်းစဥ်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်ကလည်းကောင်း၊ လူငယ်နှင့်အစားအသောက် ကျန်းမာရေး အသိပညာပေး ခေါင်းစဥ်ဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာဟေမာဇော်က လည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် မြို့နယ်အားကာမှူး ဦးသန်းဌေးကလည်းကောင်း၊ အသီးသီး ဟောပြောကြပြီး အားကစားပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်နှင့် မြို့နယ်အားကားမှူးတို့က ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခြင်း၊ ထို့နောက် Fitass  Dance အကအဖွဲ့မှ သရုပ်ပြ ကပြဖျော်ဖြေခြင်းနှင့် ကပြဖျော်ဖြေရေးအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုငွေများချပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ညွန့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားများ တက်ရောက်ကြောင်း သတင်းရသည်။

ခင်ဝင်း (ပြန်/ ဆက်)