မင်းလှမြို့နယ် သဘင်အစည်းအရုံးအလုပ်အမှုဆောင်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

မင်းလှ ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်သဘင်အစည်းအရုံးအလုပ်အမှု ဆောင်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ပဲခူးတိုင်းသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်စိုး၊ မင်းလှမြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးခင်အေးတို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။

မြို့နယ်သဘင်အစည်းအရုံး အလုပ်အမှုဆောင်ရွေးချယ်ရာတွင် လက်ပံတန်းမြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဟိန်းဇော်ကအလုပ်အမှုဆောင်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မင်းလှမြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် (၁၀) ဦးတို့အား ရွေးချယ်ပေးခဲ့သည်။

ထို့နောက် ရွေးချယ်ခြင်းခံရသည် မင်းလှမြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးနိုင်ဝင်းထွန်းက ကျေးဇူးတင်စကားပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)