ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲ ကျင်းပ

ဘိုကလေး ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲအခမ်းအနားအား ယမန်နေ့ ဇွန်(၂၆)ရက် ညနေ (၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုရှိ ဦးငြိမ်း၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ယခင်သမားရိုးကျ ကြဲခင်းစနစ်ဖြင့် မျိုးစေ့ချမှုအစား တောင်သူများ Drum Seeder အသုံးပြု၍ လယ်ယာမြေ(၃)ဧက၌ ပေါ်ဆန်းမျိုးစေ့ချမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)