သဲကုန်း ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ဘက်စုံအရည်အချင်းမှတ်တမ်းချုပ် (CCPR) နှင့် ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR) ရေးသွင်းဖြည့်သွင်းမှု ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်က အခြေခံပညာမူလတန်းအဆင့် (Grade-1 မှ Grade-5 ) အထိ ဘာသာရပ်အလိုက် သင်ယူမှုနယ်ပယ်အလိုက် တက်မြောက်မှု အဆင့်သက်မှတ်ချက်များ၊ ပညာသင်နှစ်တစ်နှစ်ချင်းအတွက် KG မှ G-5 ထိ ကျောင်းသား/ ကျောင်းသူတစ်ဦးချင်းနှင့် ပတ်သက်သော အရည်အချင်းများအား ဖော်ပြရန်၊ ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှု အကဲဖြတ်မှတ်တမ်းတွင် စနစ်တကျ ဖြည့်သွင်းရမည့်အချက်များ၊ ပညာသင်ယူမှုအခြေအနေများ လစဥ်ဖြည့်သွင်းရန်၊ သက်ဆိုင်ရာ အတန်းပိုင်ဆရာသည် အချက်အလက်များအား စုစည်း၍ နှစ်စဉ်မှန်ကန်စွာ ဖြည့်သွင်းရန်၊ ကျောင်းသား/ ကျောင်းသူ၏ ဘက်စုံပညာအရည်အချင်းများကို စနစ်တကျ ဖော်ပြရန် စသည့်အချက်များကို (power point) ဖြင့် ရှင်းလင်းဆွေးနွေး ပို့ချခဲ့ရာ အခမ်းအနားသို သဲကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၉၄) ကျောင်းမှ (ထက်/လယ်/မူ) ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)